ပထမပို့မှာ နုတ်ဆက်ထားလို့ ထပ်ပီး နုတ်မဆက်တော့ဖူးနော် ဒီနေ့ တရက်ထဲ ဟင်း ၂ ခါချက်ပြီး ပို့စ်တင်နေတာဆိုတော့ နည်းနည်းများထူးဆန်းနေမလား ဟင် :D ဟုတ်တယ် ( ကိုယ်ကိုကိုယ်မေး ကိုယ့်ဘာသာပြန်ဖြေ :P) ရေကြောမြေကြောလိုက်သွားပဲ ပြောရမလား . အနေကြာလို့လား မသိ၊ မသိစိတ်ထဲမှာ ဒီက အကျင့်တွေ မသိမသာ ကူးစက်ခံနေရပါလား??? မသိလိုက်ဖူး။ သိလိုက်တဲ့အချိန်မှာလဲ အို အို့ B ပိုးထက် ဆိုးနေတယ် :P ဘာဖြစ်နေလဲ ဆိုတော့ အထုလောလောရှယ် အတဲနာနေလယ် ရှင့် ... ခိုရီးယားဇာတ်လမ်းထဲမှာ အသဲကွဲတာမြင်ဖူးကြတယ် ဟုတ် ဘယ်လိုဖြေသိပ့် လဲ သိလား အရက်သောက်တယ် မုန့်တွေအများကြီးစားတယ် ပြီးရင် ကုန်းပိုးစီးရမယ် ဟိဟိ .. ကျူတီမ အတွက်တော့ .. တခုတော့ချွှင်းချက်ပေါ့ မုန့်စားမယ် ကုန်ပိုးစီးမယ် ... ခုလောလောဆယ်တော့ ကုန်းပိုးခေါ်ချင်ပါတယ် ပြောတဲ့လူ မရှိသေးဖူး (Qt က လူကောင် နည်းနည်းထွားတာကို :D) ပိုးကြည့်ပါလား ပြိုကျသွားမယ် :D :D.. လေဖောနေတာများသွားပြီ ဒီနေ့ မနက် ထမင်းကြော် ညနေ ကင်းမွန် ချက်စားတယ် ဒီတခါချက်တဲ့ ကင်းမွန်က အကောင်အစို မဟုတ်ဖူး အခြောက်ကို မွနေအောင် ရိုလာစက်ထဲကြိတ်ပြီး အချောင်းလေးတွေကို ချက်စားတာ။ စားလို့ကောင်းတယ် :P ကင်းမွန် အခြောက်ကို ကင်ပြီး မိုင်းရိုးနက်စ် နဲ့တွဲစားကြသလို အခုလိုလည်း ချက်စားကြတယ်။ ချက်ရတာလွယ်ပါတယ်။ (ချက်ရတာလွယ်လဲ ၀ယ်ရမလွယ်အုံးမှကို. နော့.. :P) ဟင်းချက်ဖို့အတွက် လိုအပ်တာတွေက
၁) ကင်းမွန် 80 g
၂) ငရုတ်နှစ် ၁ ဇွန်း
၃) ငရုတ်သီးမှုန့် ၁ ဇွန်း
၎) သကြား ထမင်းစားဇွန်း တ၀က်
၅) ငံပြာရည် ထမင်းစားဇွန်း တ၀က်
၆) ပြောင်ဖူးကော်ရည် ထမင်းစားဇွန်း တ၀က်
၇) ၀ိုင် ၂ ဇွန်း
၈) ရေ ၃ ခွက်
၉) နှမ်းဆီမွှေး အနည်းငယ်နှင့်
၁၀) မိုင်းရိုးနက်စ် တို့လိုအပ်ပါတယ်
၁) ကင်းမွန် 80 g
၂) ငရုတ်နှစ် ၁ ဇွန်း
၃) ငရုတ်သီးမှုန့် ၁ ဇွန်း
၎) သကြား ထမင်းစားဇွန်း တ၀က်
၅) ငံပြာရည် ထမင်းစားဇွန်း တ၀က်
၆) ပြောင်ဖူးကော်ရည် ထမင်းစားဇွန်း တ၀က်
၇) ၀ိုင် ၂ ဇွန်း
၈) ရေ ၃ ခွက်
၉) နှမ်းဆီမွှေး အနည်းငယ်နှင့်
၁၀) မိုင်းရိုးနက်စ် တို့လိုအပ်ပါတယ်
photo from google
ကင်းမွန် အကောင်လိုက်ကင် မိုင်းရိုးနက်စ် ၊ ဘီယာ နဲ့ဆို ရှလွတ်ပဲ :P
$ 4 ကျပ်ဖိုး ဒီ ဇလုံ တလုံးစာလောက် ရတယ်။ များလွန်းတယ် တ၀က်ပဲချက်မယ်။
မိုင်းရိုးနက်စ် ထမင်းစားဇွန်း ၂ ဇွန်းစာကို ကင်းမွန် အခြောက်များနှင့် အသားထဲစိမ့်ဝင်အောင် နယ်ပါတယ်
မိုင်းရိုးနက်စ်များနှင့်နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားလိုက်တယ်
အပေါ်မှာပြောပြထားတဲ့ အရသာအချိုးအစားအတိုင်း ရေ ပွက်ပွက်ဆူအောင်တည်ပါတယ်
ရေဆူလာရင် ကင်းမွန်များထည့်
မီး အနည်းဆုံးနှင့် မကြာခဏ မွှေပြီး ရေခမ်းအောင် တည်ပါမယ်

၁၀ မိနစ်လောက်တည်ရင် ရေခမ်း၍ ကင်းမွန်များလည်း နူးညံ့နေပီ
ကင်းမွန် ငရုတ်နှစ်ကြော် ( လုံးဝ မစပ်ပါ :D )
မိုင်းရိုးနက်စ် ထမင်းစားဇွန်း ၂ ဇွန်းစာကို ကင်းမွန် အခြောက်များနှင့် အသားထဲစိမ့်ဝင်အောင် နယ်ပါတယ်
မိုင်းရိုးနက်စ်များနှင့်နယ်ပြီး ၁၅ မိနစ်လောက် နှပ်ထားလိုက်တယ်
အပေါ်မှာပြောပြထားတဲ့ အရသာအချိုးအစားအတိုင်း ရေ ပွက်ပွက်ဆူအောင်တည်ပါတယ်
ရေဆူလာရင် ကင်းမွန်များထည့်
မီး အနည်းဆုံးနှင့် မကြာခဏ မွှေပြီး ရေခမ်းအောင် တည်ပါမယ်

၁၀ မိနစ်လောက်တည်ရင် ရေခမ်း၍ ကင်းမွန်များလည်း နူးညံ့နေပီ
ကင်းမွန် ငရုတ်နှစ်ကြော် ( လုံးဝ မစပ်ပါ :D )
ဒီဟင်းကို ဟင်းအရံအဖြစ် စားသုံးကြပြီး ထမင်း၊ကင်မ်ချီ အရည်သောက်တမျိုးလောက်ဆို ထမင်းစားမိန်ပါတယ်။ မြန်မာပြည်က ကင်းမွန်အနံနှင့်တူတူပါပဲ။ ကင်းမွန် ငရုတ်နှစ်ကြော်ကို ယ္ခုလို ချက်စားကြသလို အနှစ်များများကြိုက်နှစ်သက်ရင်လည်း ကြက်သွန်ဖြူ ကြက်သွန်နီ နဲ့  ချက်စားလို့ရပါသေးတယ် Qt က ဒီလို မျိုးပဲကြိုက်တယ် ကြက်သွန်ဖြူ ကြက်သွန်နီ နဲ့ချက်ရင် ကင်းမွန်အရသာ ပေါ့လို့ မကြိုက်ဖူး ( စာကြွင်း - မနက်ဖြန်ကျ ညလေးလေပြေအတွက် ထမင်းသုတ်ပို့ပေးရအုံးမယ် မေ့နေ့ရင် ဦးနှောက်ထုတ်ပီး အသစ်လဲကျစ်မယ် တဲ့ မွှားမွှားး ကျောက်စာဂျီး :P







