မင်္ဂလာပါရှင် ဒီနေ့တော့ ငရုတ်သီးကြိုက်နှစ်သက်သူများ သဘောကျနှစ်သက်မယ့် ငရုတ်သီးကင်မ်ချီ လုပ်နည်းလေးပြောပြချင်ပါတယ် အရင် လုပ်စားနေကျ ကင်မ်ချီများနည်းတူ ဆားနယ် အချဉ်သိမ့် တူတူပါပဲရှင် ငရုတ်သီးလဲ ကင်မ်ချီလုပ်စားကြသေးတဲ့ အိုက်ဒီယာလေး ရသွားပြီး ထမင်းစားမြိန်စေချင်လို့ ပြောပြလိုက်တာ ပါနော် လုံးဝ မစပ်တဲ့ ငရုတ်သီးအပွတောင့်ကြီးကို သုံးထားပါတယ် ငရုတ်ရနံ့သင်းသင်းလေးနှင့် ထမင်းစားမြိန် ပါတယ်
ငရုတ်သီးကင်မ်ချီ လုပ်ဖို့အတွက် ငရုတ်သီးအပွတောင့်များ
ဒီငရုတ်အပွတောင့်များက လုံးဝ မစပ်ပါဖူး ၀က်သားကင် အမဲသားကင်များတွင် ဆလပ်ရွက်နှင်တွဲစားကြသော ငရုတ်ပွတောင့်မျိုးဖြစ်ပီး ပဲငပိအနှစ်နှင့် ဒီအတိုင်းတွဲစားလည်း စားလို့အရမ်းကောင်းပါတယ် ပုံမှာ ပြထားတဲ့အတိုင်း ငရုတ်သီးအညှာများကို တုံးတိ မလှီးပဲ အညာဘတ်မှ အသားနည်းနည်းလေး ပိုလှီးပစ်ပါမယ် အညာဘတ်က အသားပိုလှီးထားတဲ့အတွက် အစေ့ထုတ်ရတာလွယ်ကူစေပါတယ်
ပြီးလျှင် ယ္ခုလို လက်နှင့်ဖိပြီး စင့်နှီတုံးပေါ်မှာ လိမ်ဖယ် လိမ်ဖယ် လုပ်လိုက်ပါ :D
အစေ့များထွက်လာရင် ငရုတ်သီးတောင့် ဘယ် ညာ လက်ဖြင့်
ညှပ်ခြေလိုက်ရင် ငရုတ်စေ့များ ပြုတ်ကျလာပါမယ် Qt ငရုတ်သီးကိုင်လိုက် ဓာတ်ပုံရိုက်လိုက်မို့ အဆင်ပြေသလို ပြောပြထားတာပါ
လက်နှစ်ဖက်နှင့် ပွတ်ခြေလိုက်ပီး ဓါးနဲ့ အလယ်က တချက်ခွဲလိုက်ရင် အစေ့များထွက်ပြီး ဘေးသားအဖြူအနည်းငယ်သာ ကျန်ပါတော့တယ်
ကျန်နေတဲ့ ဘေးသားများကို ထမင်းစားဇွန်းနှင့်ခြစ်ထုတ်လိုက်ပါ
အစေ့ထုတ် ဘေးသားများခြစ်ပြီးရင် ငရုတ်သီးများကို ဆားနှင့်နယ်ပြီး နာရီဝက်လောက် စိမ်ထားပါ့မယ်
( နာရီဝက်ဆားနယ်ပြီးလျှင် ငရုတ်သီးများကို ရေ ဆေးပြီး စစ်ထားပါ)
ငရုတ်သီးဆားရေစိမ်ထားတုန်း လိုအပ်တဲ့ အဆာပလာလေးတွေ လုပ်ထားဖို့အတွက် ..
.မုန်လာဥဖြူ ဂျင်း ကြက်သွန်ဖြူ ကျို့ဆိုင် မုန်လာဥနီ အနည်းငယ်တို့ လိုအပ်ပါတယ်
အသီးအရွက်များကို ယခုလို နုတ်နုတ်စင်းထားပါ
ကျို့ဆိုင် အစား ကြက်သွန်မြိတ်လည်း သုံးလို့ရပါတယ်
လိုအပ်တဲ့ အရသာများကတော့ ငရုတ်သီးမှုန့် ၂ဇွန်း၊ သကြား အနည်းငယ်၊ ငါးငံပြာရည် ၁ ဇွန်း၊ ပုဇွန်ဆားငံ ၁ ဇွန်း နှင့် ကော်ရည် ရှလကာရည် နှမ်းဆီမွှေး နှမ်းအနည်းငယ်တို့ လိုအပ်ပါတယ်
အရသာများကို သမအောင်နယ်ပြီး ငရုတ်သီးတောင့်ထဲကို အစာသွတ်ပါ
အရသာရှိစွာ သုံးဆောင်နိုင်ပါပီ ယခု လုပ် ယခုစားလို့ရတဲ့ ငရုတ်သီးကင်မ်ချီကို စားမကုန်လို့ ကျန်နေသေးရင်လဲ ရေခဲသေတ္တာထည့် တခြားကင်မ်ချီများလိုပဲ ကြာလေစားကောင်းလေးပါပဲ ငရုတ်သီး ကင်မ်ချီကို ယ္ခုလို လုပ်စားကြသလို ငံပြာရည်အနောက်နှင့် စိမ်ပြီး နှပ်စားကြတာမျိုးလဲရှိပါတယ် ငရုတ်သီးမပါရင် မစားတက်သူများနှင့် ငရုတ်သီးကြိုက်နှစ်သက်သူများ (ငရုတ်သီးအစပ်မစားနိုင်သူများ) ထမင်းမိန်စေမယ့် ငရုတ်သီးကင်မ်ချီကို လုပ်စားရတာလဲလွယ်သလို အားလုံးလဲ ကြိုက်နှစ်သက်ကြမယ်လို့လဲ ထင်ပါတယ်ရှင်












