Saturday, 2 June 2012

ဒိန်ဂျမ်းကျီးဂဲ ( ပဲငပိဟင်းချို)

         မင်္ဂလာပါရှင် ခုတလော ချက်ဖြစ်နေတဲ့ ဟင်းတွေက  အရွက်သုတ် ပြုတ်တွေပဲဖြစ်နေတဲ့အတွက် အရည်သောက်ဟင်း ဖြစ်တဲ့ ပဲငပိဟင်းချိုလေး ချက်စားကြရအောင်လား ရှမ်းမလေးများအကြိုက်ဖြစ်မယ် ထင်ပါတယ် အစားအစာနဲ့ ပက်သက်လာရင် Qt ဂျီးမများတက်ဖူး  အကုန်စားတယ် အသီးဆို လက်သီး မီးသီး နဲ့ ပဒိုင်းသီး လောက်ပဲရှောင်တယ် အသားထဲမှာ မစားတာ ဆိုလို့  သစ်သားတမျိုးပဲရှိတယ် :D :D  ဒီနေ့ချက်တဲ့ ပဲငပိဟင်းချိုကို ၀က်သားမီးကင်ဆိုင်တွေမှာ ထမင်းကြော်နှင့်တွဲစားရန် ချပေးလေ့ရှိပါတယ် မိသားစုထမင်းဝိုင်းတွေမှာလဲ များသောအားဖြင့် အလွယ်တကူ ချက်ပြုတ်စားသောက်ကြတဲ့ အရည်သောက် ဟင်းတခွက်ဖြစ်ပါတယ် ဟင်းချက်ဖို့အတွက် လိုအပ်တာတွေက ဖရုံသခွား မုန်လာဥနီ ကြက်သွန်နီ ငရုတ်သီးစိမ်း ကြက်ဥ တလုံးနှင့် ပဲပြား အနည်းတို့လိုအပ်ပါတယ် 

အသီးအနှံတွေကို  ပုံမှာပြထားသလိုလေး ထူထူလေး လှီးပါ




ရေနွေးအိုးဆူလာရင် ငါးနီတူးခြောက်လက်တဆုပ်ခန့် နှင့် ပဲငပိအနှစ် ၂ ဇွန်းမောက်မောက်ထည့်ကာ ရေ ၂/၃ ကျအောင် ကျိုပါတယ် 




 အမြှတ်တွေထွက်လာရင် ခပ် ထုတ်ပစ်ပါ .




ရေကျလာပြီဆိုရင် ဖရုံသခွား မုန်လာဥနီ နှင့် ပဲပြားထည့် (ပဲပြားထုပ်ကို အလယ်ကောင်က ဓါး တချက်မွန်းပြီး လက်နဲ့ ညစ်ထည့်လိုက်ရင် ရပါပီ)




 ၃ မိနစ်လောက် အဖုံးအုပ်ပြီး တည် အပေါ့အငံမြည်း ကိုယ်ချက်တာနည်းနည်းပေါ့နေလို့ ပဲငံပြာရည်အနောက် အနည်းငယ်ထပ်ထည့်လိုက်တယ်





 ကြက်သွန်နီ ငရုတ်သီးစိမ်း ကြက်ဥ တလုံးဖောက်ထည့်ပါ 





မီးဖိုပေါ်မှာ ခဏထပ်တည်ပြီး ချခါနီးမှ အရောင်တင်မှုန့်ခပ် အရသာရှိစွာသုံးဆောင်နိုင်ပါပီ






     Soju နဲ့ တွဲသောက်လည်းအဆင်ပြေတယ် :P ငါးနီတူးခြောက်သေးသေးလေးတွေလဲ ပွနေပီး ပဲငပိနဲ့ဆိုတော့  ဟင်းရည်သောက်ပါရင် စားလို့သောက်လို့ကောင်းတဲ့ သူများအကြိုက်ဖြစ်မှာပါ  ပဲငပိဟင်းချိုက ချက်ရတာ မြန်ပါတယ် ဒါပေမယ့် အရည်ကျအောင် တည်ဖို့ လိုပါတယ် ရေ စော်နံနေရင် စားလို့မကောင်းပါဖူး ကိုယ်တော့ ဒီလို အရည်သောက်မျိုးချက်ရင် တခြားဟင်း ဘာမှသိမ့်မလိုဖူး ထမင်းနဲ့ဖျော်ပြီး သောက် လိုက် တာ ပဲ  :)