ဒီနေ့ ဘိန်းမုန့်လုပ်စားဖို့ မရည်ရွယ်ပဲလုပ်စားဖြစ်သွားတယ် စားချင်တာက မုန့်လုံးရေပေါ် လုပ်စားဖြစ်သွားတာက ဘိန့်မုန့် ဘာဖြစ်လို့လဲဆိုတော့ ထန်ညှက်တွေကကျိုပီးသားဖြစ်နေလို့ပါ ကျူတီ ဆန်မှုန့် ကောင်ညှင်းမှုန့် ကောင်းကောင်းမခွဲခြားတက်တော့ ဈေးမသွားခင် အင်တာနက်မှာသေချာအရင်ရှာပီးမှသွားဝယ်တယ် ဘိန့်မုန့်လုပ်နည်းကိုတော့ ကျူ့ပစ် ချက်နည်းပြုတ်နည်းစာအုပ်ထဲက အတိုင်းပဲလုပ်လိုက်တယ် ဘိန်းစေ့ကုန်နေလို့ ဘိန်းစေ့အစား နှမ်းအနည်းငယ်ထည့်လိုက်တယ်ဘိန်းမုန့်ထဲမှာ ထည့်ဖို့အတွက်
အုန်းသီးခြောက်နဲ့ almond အစေ့ ထမင်းကြမ်းအနည်းငယ်ကို ရေနွေးနဲ့ကြိတ်တယ် ပီးရင် ဆန်မှုန့် နို့ဆီဘူးတလုံး ထန်ညှက်ရည်သင့်ရုံ ဆား ဆော်ဒါ အနည်းငယ်နဲ့ ကြွက်မှီးတန်အောင် ရေနည်းနည်းချင်းထည့်ဖျော်တယ် ပျစ်တာက ကိစနမရှိဖူး ကျဲသွားရင် ဟိုလာလိုက် ဒီဟာလိုက်နဲ့ အများကြီးဖြစ်ကုန်တာ ခဏခဏမို့လေ မုန့်နှစ်တွေပွအောင် တည သိပ်ထားလိုက်တယ် မနက်မုန့်လုပ်တော့မှ ဘဲဥတလုံးဖောက်ထည့် မွေ ဒယ်အိုးလေးထဲမှာ ဆီ အနည်းငယ်ထည့် မုန့်နှစ်လောင်းထည့် almond နှမ်း အုန်းသီး မြေပဲ လိုသလောက်ထည့်
almond နှမ်း အုန်းသီး မြေပဲ မုန့်သားလဲ ပွလာတယ် မုန့်အနားလေးတွေကြွလာပီးဆိုရင်မုန့်မျက်နှာပြင်မှာ ထော်ပတ်သုတ် ဟိုဘတ်ဒီဘတ်လှန်လိုက် မွှေးပီးချိုနေတဲ့ ဘိန်းမုန့်လေးရပါပီး
ပထမဆုံးသောကျူတီ၏ဘိန်းမုန့် အောင်မြင်တယ်လို့ပြောလို့ရတာပေါ့နော် ဟီးဟီးး မုန့်နှစ်တွေအကုန်ကို မုန့် ၇ ခုရပါတယ်ရှင့်
ဒီနေ့တော့ ဘိန်းမုန့်ပူပူလေးကို ✄ ညှပ် ကော်ဖီပူပူတခွက် ရေနွေးကြမ်းလေးနဲ့ မနက်စာစားတာပေါ့ကွယ် ..
အပျင်းပြေနားထောင်ရအောင် ဇန်လင်း ရဲ့ ဘိန်းမုန့်သီချင်းလေးပါ တင်လိုက်တယ် ♪ ♫ တို့မှာတော့ ဘိန်းမုန့် စားတိုင်း မင်းကိုအောက်မေ့တယ် ♪ ♫ ♩ ♬ ဘိန်းမုန့်ရယ် လွမ်းလယ် ♩ ♬ 


